Department of Examination and Convocation
The Examinations and Convocation Department handles matters related to conducting university examinations, issuing examination pass lists and grade lists, applying for provisional degree certificates, and conferring degrees at Myitkyina University.

Professor and Head of the Department of Examination and Convocation
Dr.----------------------------
|
— |
|
— |
|
— |
Examination
Examination
First semester exams are held in the third week of March, and second semester exams are held in the third week of September.
Examination pass lists are usually announced in November along with the fail lists.
စာမေးပွဲကျင်းပခြင်း
ပထမနှစ်ဝက်စာမေးပွဲများကို မတ်လ တတိယပတ်တွင် လည်းကောင်း ၊ ဒုတိယ နှစ်ဝက် စာမေးပွဲများကို စက်တင်ဘာလ တတိယပတ် တွင်လည်းကောင်း ကျင်းပ ပါသည်။
အောင်စာရင်း
အောင်စာရင်းများကို ပုံမှန် နိုဝင်ဘာလတွင် အောင်စာရင်းနှင့် တစ်ပါတည်း ကျရှုံးစာရင်းကို လည်း ထုတ်ပြန်ကြေညာပေး ပါသည်။
Transcript of Academic Records
Transcript of Academic Records
Once the examination list is released, actions can be taken immediately. To obtain the grading list, students who have graduated are eligible, including those from the first year to the fourth year, from first-year honors to third-year honors, master qualifying, and from the first year to the second year of the master course. The list can be extracted either by Module Name for each semester or as a summary for each semester.
To obtain the transcript
Fill out the required information in the form at the Examination and convocation department, verify it for accuracy, and check with the library and the finance department whether there are any outstanding school fees. Pay the transcript fee of 250 Kyat at the finance department. After making the payment, submit the application back to the Examination and Convocation department, and you can collect the transcript within one week.
အမှတ်စာရင်း
အောင်စာရင်းထွက်ပြီး ချက်ချင်း ဆောင်ရွက်နိုင်ပါသည်။ အမှတ် စာရင်းယူရန်မှာ ဘွဲ့ရပြီးသော ကျောင်းသား၊ကျောင်းသူများသည် ပထမနှစ်မှစတုတ္ထနှစ်၊ ပထမနှစ် ဂုဏ်ထူးတန်းမှ တတိယနှစ် ဂုဏ်ထူးတန်း၊မဟာအရည်အချင်း စစ်သင်တန်း၊ မဟာတန်း ပထမနှစ်မှ မဟာတန်း ဒုတိယနှစ်တို့ ဖြစ်ပါသည်။ တစ်တန်းချင်းစီ Semester အလိုက် Module Name နှင့် သော်လည်းကောင်း၊ Semester အလိုက်အချုပ်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။
အမှတ်စာရင်းထုတ်ယူရန်
စာမေးပွဲနှင့် ဘွဲ့နှင်းသဘင် ဌာနတွင် လိုအပ်သော အချက် အလက်ပုံစံတွင် ဖြည့်စွက်ပြီး မှန်ကန်ကြောင်း စိစစ်၍ စာကြည့်တိုက်နှင့် ငွေစာရင်းဌာနတွင် ကျောင်းလခကြွေးကျန်ရှိ/ မရှိစစ်ဆေးရန်၊ ငွေစာရင်းတွင် အမှတ်စာရင်းကြေး ၂၅ဝိ/ကျပ်ပေးသွင်းရန် ၊ငွေသွင်းပြီးလျှောက်လွှာကို စာမေးပွဲနှင့် ဘွဲ့နှင်းသဘင် ဌာနသို့ ပြန်လည်ပို့ဆောင်ပြီးပါက အမှတ်စာရင်းကို တစ်ပတ်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
Provisional Degree
Provisional Degree
You can obtain it after passing the final list but before the official graduation.
To obtain a provisional degree:
- Affix a 1“ × 2“ sticker and submit three (3) photos, one (1) copy of your registration, and the completed application form. Ensure everything is correct.
- Check at the library and the finance department to see if there are any outstanding school fees.
- Pay the provisional degree endorsement fee of 250 Kyats per item at the accounts department.
- After payment, submit the application to the Examination and Convocation Department. You can collect it within one week.
ယာယီဘွဲ့
အောင်စာရင်းထွက်ပြီး ဘွဲ့မအပ်နှင်းမီ ရယူ ဆောင်ရွက်နိုင်ပါသည်။
ယာယီဘွဲ့ထုတ်ယူရန်
- ၁“ × ၂ “ စတစ်ကာကပ်ပြီး ဓါတ်ပုံ (၃)ပုံ၊ မှတ်ပုံတင်မိတ္တူ (၁)စောင် နှင့် လိုအပ်သော လျှောက်လွှာပုံစံဖြည့်စွက်ပြီး မှန်ကန်ကြောင်း စိစစ်ရန်
- စာကြည့်တိုက်နှင့် ငွေစာရင်းဌာန တို့တွင် ကျောင်းလခ ကြွေးကျန်ရှိ/မရှိ စစ်ဆေးရန်
- ငွေစာရင်းဌာနတွင် ယာယီဘွဲ့ ထောက်ခံစာကြေး ၂၅ဝိ/ကျပ်ပေးသွင်းရန်၊
- ငွေသွင်းပြီးလျှောက်လွှာကို စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနသို့ ပြန်လည် ပို့ဆောင်ပြီးပါက တစ်ပတ်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
Call for Degree Application Form
Degree applications form can be submitted throughout the month of December, from December 1 to December 31. Attach 1” × 2” stickers with three photographs, one copy of your registration certificate, and fill in the required information in the application form. To verify the accuracy, check with the library and the accounts department to see if there are any outstanding school fees. If you plan to attend the degree in person, pay a degree fee of 1,500 kyats; if attending remotely, pay a remote degree fee of 1,000 kyats. After payment, submit the application to the Examination and Convocation Department.
Graduation Gown Issuance
They are issued in the last week of January as usual.
To collect the graduation gown:
Bring the receipt of the paid degree fee and the original registration form. Once the degree certificate committee confirms the fee payment, the gown can be rented with the submission of the original registration form. After using the gown, it must be returned to the gown rental department.
For those attending the graduation ceremony:
- If a male is wearing the Myanmar national costume, he should wear a shirt with a stiff collar, a jacket, a traditional longyi, and formal shoes.
- If a female, she should wear a Myanmar blouse and longyi.
- If wearing an ethnic costume, it should be worn fully.
- If wearing a European-style costume, a suit with formal shoes should be worn.
The graduation ceremony is usually held in the first week of February.
ဘွဲ့လျှောက်လွှာခေါ်ယူခြင်း
ဘွဲ့လျှောက်လွှာကို ဒီဇင်ဘာလတစ်လလုံး၊ ဒီဇင်ဘာ(၁)ရက်မှ (၃၁)ရက်နေ့အထိတင်သွင်းနိုင် ပါသည်။ ၁“ × ၂ “ စတစ်ကာကပ်ပြီး ဓါတ်ပုံ (၃)ပုံ၊ မှတ်ပုံတင်မိတ္တူ (၁)စောင် နှင့် လိုအပ်သော အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖြည့်စွက်ပြီး မှန်ကန်ကြောင်းစိစစ်ရန်၊ စာကြည့်တိုက်နှင့် ငွေစာရင်းဌာနတို့တွင် ကျောင်းလခ ကြွေးကျန်ရှိ/မရှိ စစ်ဆေးရန် ငွေစာရင်းဌာနတွင်ဘွဲ့ တက်ရောက်ယူလိုပါက တတ်ရောက်ဘွဲ့ကြေး ၁၅၀ဝိ/ကျပ်ပေးသွင်းရန် ၊ အဝေး ရောက်ဖြစ်ပါက အဝေးရောက်ဘွဲ့ အတွက် အဝေးရောက် ဘွဲ့ကြေး ၁၀၀ဝိ/ကျပ် ပေးသွင်းရန် ငွေသွင်းပြီး လျှောက်လွှာကို စာမေးပွဲနှင့် ဘွဲ့နှင်း သဘင်ဌာနသို့ ပြန်လည် ပို့ဆောင်ရန် ဖြစ်ပါသည်။
ဘွဲ့ဝတ်စုံထုတ်ခြင်း
ပုံမှန်ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ထုတ်ပေးပါသည်။
ဘွဲ့ဝတ်စုံထုတ်ယူရန်
ဘွဲ့ကြေး ငွေသွင်းထားသောဖြတ်ပိုင်းနှင့် မှတ်ပုံတင်မူရင်း ယူဆောင်လာရန်၊ ဘွဲ့နှင်းသဘင် ကော်မတီမှ သတ်မှတ်ထားသော ငွေကြေးမပေးသွင်းပြီးပါက မှတ်ပုံတင်မူရင်းပေးပြီး ဘွဲ့ဝတ်စုံငှားရမ်းနိုင်ပါသည်။ ဘွဲ့နှင်းသဘင်ပြီးပါက ဘွဲ့ဝတ်စုံငှားရမ်းဌာနသို့ ပြန်လည်အပ်နှံရန်၊
ဘွဲ့တက်ရောက်ယူမည့်သူများသည်
(၁) မြန်မာအမျိုးသားဝတ်စုံဝတ်ဆင်မည်ဆိုပါက စတစ်ကော်လာနှင့် တိုက်ပုံအင်္ကျီ၊ပုဆိုး ၊ကတ္တီပါဖိနပ်ဖြစ်ရပါမည်။
(၂) အမျိုးသမီးဖြစ်ပါကမြန်မာအင်္ကျီဝတ်ဆင်ရပါမည်။
(၃) တိုင်းရင်းသား ဝတ်စုံဝတ်ဆင်ပါက ဝတ်စုံပြည့်ဝတ်ဆင်ရပါမည်။
(၄) ဥရောပ ဝတ်စုံဝတ်ဆင်ပါကလည်စီးပါရပါမည်။ (ကုတ်အင်္ကျီ၊သားရေရှူးဖိနပ်စီးရပါမည်)။
ဘွဲ့အပ်နှင်းရက်မှာ ပုံမှန်ဖေဖော်ဝါရီလပထမပတ်တွင် ကျင်းပပါသည်။
