စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် တက္ကသိုလ် သမိုင်းကြောင်း (Documentary Video)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား
စာဖတ်ရှိန်မြှင့်တင်ရန် ဗဟုသုတနှင့် ပညာရပ်ဆိုင်ရာ အသိအမြင်၊ တွေးခေါ်မြော်မြင်မှုနှင့် ပိုင်းခြားစိတ်ဖြာ နိုင်စွမ်းတိုးတက်စေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နှင့် ဒေသအကျိုးပြုမှုကို ချိတ်ဆက် ဖော်ထုတ်ရန် ရည်ရွယ်ချက်များဖြင့် မြစ်ကြီးနားတက္ကသိုလ်၏ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် တက္ကသိုလ် သမိုင်းကြောင်း (Documentary Video)ပြိုင်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ကစတင်ကျင်းပခဲ့ပြီး မြစ်ကြီးနားတက္ကသိုလ်ရှိ သင်ကြားရေးဌာနပေါင်း ၁၅ ခုမှ ကျောင်းသားကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြ ပါသည်။ နောက်ဆုံးအဆင့် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် (၂၁-၈-၂၀၂၆)ရက်နေ့ နံနက်(၈:၅၅)နာရီ တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း နှင့် ၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်မြင်/ဂုဏ်ထူးရရှိခဲ့ကြသော မြစ်ကြီးနားတက္ကသိုလ်ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သုတေသနပြုမှု၊ စွမ်းဆောင်ရည်နှင့် ပူးပေါင်းပါဝင်မှု ပိုမိုအောင်မြင်လာစေရန်က တိုက်တွန်း ပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒေါက်တာစိုးမိုးလွင်က ပြိုင်ပွဲများကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ စာထတ်စွမ်းရည်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစ်ကြီးနားတက္ကသိုလ်၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ယှဉ်ပိုင်မှုကို ကြည့်ရှုအားပေးပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မြစ်ကြီးနားတက္ကသိုလ် သမိုင်းကြောင်း(Documentary Video)ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။





