မြစ်ကြီးနားတက္ကသိုလ်နှင့် ဗီယက်နမ်၊ (HUTECH) တို့ နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းအခမ်းအနား တက်ရောက်ခဲ့ခြင်း
မြစ်ကြီးနားတက္ကသိုလ်နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးရှိ Ho Chi Min City University of Technology(HUTECH)တို့အကြား ပညာရေးဆောင်ရွက်မှု မဟာဗျူဟာချမှတ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သုတေသန ပူးပေါင်းဆောင်ရွက်မှု၊ အနာဂါတ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကျောင်းသား/ဆရာ ဖလှယ်ရေးအခွင့်အလမ်းများ ပါဝင်သော နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ပညာရေးဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်ဦးဆောင်သော ဆရာ၊ဆရာမ (၃)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် HUTECH သို့ (၂၅-၇-၂၀၂၆) ရက်နေ့မှ (၂၈-၇-၂၀၂၆) ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။ သွားရောက်ခဲ့သည့်ခရီးစဉ်နှင့်ပတ်သက်၍ အတွေ့အကြုံရှင်းလင်းပွဲကို (၁၈-၈-၂၀၂၆) ရက်နေ့ ညနေ(၂း၃၀)နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမ၌ ဒေါက်တာချိုချိုသက်၊ ပါမောက္ခ၊ ရူပဗေဒဌာန က ကိုယ်စားပြု ရှင်းလင်းခဲ့ပါသည်။