Cleaning Camping စုပေါင်းသန့်ရှင်းရေး အခမ်းအနား

ပြည်တွင်းလူငယ်မိတ်သဟာယအသင်းလူငယ်များနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့စည်ပင်သာယာ မိသားစုများ၊ မြစ်ကြီးနားတက္ကသိုလ်ရှိ ကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ စုစုပေါင်းအင်အား(၆၅၀)ဦးခန့်ဖြင့် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ခြုံနွယ်များရှင်းလင်းခြင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို (၇-၈-၂၀၂၆)ရက်နေ့ တွင် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း နံနက်(၇း၀၀)နာရီမှ ညနေ(၃း၃၀) အချိန်ထိ ပူးပေါင်းဆောင်ရွက် ခဲ့ကြပါသည်။