မြစ်ကြီးနားတက္ကသိုလ်၌ IRO နှင့် TISC ရုံးခန်းများဖွင့်လှစ်ခြင်း အခမ်းအနား
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊မြစ်ကြီးနားတက္ကသိုလ်၏ International Relation Office(IRO) နှင့် Technology and Innovation Support Center(TISC) ရုံးခန်းများဖွင့်လှစ်ခြင်းအခမ်းအနားကို (၁၄-၈-၂၀၂၆) ရက်နေ့ နံနက်(၉း၀၀) နာရီတွင် မြစ်ကြီးနားတက္ကသိုလ်၊ ပင်မဆောင်၊ Code-2 အခန်း၌ ကျင်းပသည်။ အဆိုပါ ရုံးခန်းများ ဖွင့်လှစ်လိုက်ခြင်းဖြင့် မြစ်ကြီးနားတက္ကသိုလ်၏ နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများကို ပိုမိုမြှင့်တင်နိုင်သည့်အပြင် နည်းပညာများနှင့် တီထွင် ဖန်တီးမှုဆိုင်ရာပံ့ပိုးကူညီမှုများကိုပါ ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က ရုံးခန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့်အတူ IRO နှင့် TISC ရုံးခန်းကိုဖွင့်လှစ်ခဲ့ပါသည်။