ဘဝတိုးတက်မြင့်မားရေးငွေစုငွေချေးအသင်း၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် သမဝါယမအသင်း ပြင်ဆင်သည့် ဥပဒေနှင့်အညီ အသင်းအားပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား

မြစ်ကြီးနားတက္ကသိုလ်ရှိ ဆရာ၊ဆရာမနှင့် ဝန်ထမ်းများ ဖြင့်ဖွဲ့စည်းထားသည့် ဘဝတိုးတက်မြင့်မားရေး သမဝါယမအသင်း(လီမိတက်)၏ နှစ်ပတ်လည်အစည်းအဝေးနှင့် သမဝါယမအသင်း ပြင်ဆင်သည့် ဥပဒေနှင့်အညီ အသင်းအား ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို (၁၃-၈-၂၀၂၆) ရက်နေ့ ညနေ(၃း၀၀) နာရီတွင် မြစ်ကြီးနား တက္ကသိုလ် ဗဟိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်မှ အသင်းတိုးတက်ရေး အတွက် အကြံပြုလမ်းညွှန်ချက်များ မှာကြားပြီး အသင်းသားများ၏ သား၊သမီးများထဲ မှ Grade-12 အောင်မြင်သူ၊ ဂုဏ်ထူးရရှိသူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကချင်ပြည်နယ်သမဝါယမဦးစီးဌာနမှ သမဝါယမအသင်းပြင်ဆင်သည့် ဥပဒေနှင့်အညီ အသင်းအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ကြပါသည်။